နန္ဒသူရိယ
Thursday, January 28, 2016
သူတည်းတစ်ယောက်
နန္ဒသူရိယသူတည်းတစ်ယောက်၊ ကောင်းဖို့ရောက်မူ၊ သူတစ်ယောက်မှာ၊ ပျက်လင့်ကာသာ၊ ဓမ္မတာတည်း။
ရွှေအိမ်နန်းနှင့်၊ ကြငှန်းလည်းခံ၊ မတ်ပေါင်းရံလျှက်၊ ပျော်စံရိပ်ငြိမ်၊ စည်းစိမ်မကွာ၊ မင်းချမ်းသားကား၊ သမုဒ္ဒရာထက်၊ ခဏတက်သည်၊ ရေပွက်ပမာ၊ တသက်လျှာတည်း။
ကြင်နာသနား၊ ငါ့အားမသတ်၊ ယခုလည်းလွှတ်၊ မလွတ်ကြမ္မာ၊ လူတကာတို့၊ ခန္ဓာခိုင်ကြည်၊ အတည်မမြဲ၊ ဖောက်လွဲတတ်သည်၊ မချွတ်စသား၊ သတ္တ၀ါတည်း။
ရှိခိုးကော်ရော်၊ ပူဇော်အကျွန်၊ ပန်တုံခဲ့၏၊ ခိုက်ကြုံဝိပါက်၊ သံသာစက်၌၊ ကြိုက်လတ်ထွန်မူ၊ တုံ့မယူလို၊ ကြည်ညိုစိတ်သန်၊ သခင်မွန်ကို၊ ချစ်ဘိစင်စစ်၊ အပြစ်မဲ့ရေး၊ ခွင့်လျှင်ပေး၏၊ သွေးသားနိစ္စာ၊ ငါ့ကြမ္မာတည်း။
အနန္တသူရိယအမတ်
နန္ဒသူရိယ
နန္ဒသူရိယ
Labels:
poem
Subscribe to:
Post Comments (Atom)
No comments:
Post a Comment